လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး  ကျောက်ဆည်မြို့အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကျောက်ဆည်  စက်တင်ဘာ ၂၆

ကျောင်းသား၊ကျောင်းသူလူငယ်များ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘက်စုံသုံးခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်

ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ညိုအေးက ကျောင်းသား/ကျောင်းသူများသည် စွမ်းရည် ကိုယ်စီရှိကြသည်များဖြစ်ရာ အရည်အသွေးရှိသော စာများဖတ်ရှုလေ့လာမှတ်သား၍ လက်တွေ့တွင် ပတ်ဝန်းကျင်ကိုအကျိုးပြုသော လူတော်၊ လူကောင်းများဖြစ်စေရန် တစ်ဦးတစ်ယောက်ချင်းမှသည်အားလုံးဝိုင်းဝန်း ကြိုးစားကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက အနာဂတ်မျိုးဆက်သစ်ကျောင်းသားလူငယ်များ ဘက်ပေါင်းစုံထူးချွန်ထက်မြက်စေရန်၊ အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ စာပေဗဟုသုတများရရှိပြီး လူငယ်အချင်းချင်းအသိပညာများ ဖလှယ်နိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦးရင်းနှီး ချစ်ခင်မှုများတိုးပွားလာစေရန်၊ ပူးပေါင်းပါဝင်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေးကဦးဆောင်ပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ   Grade-8 ကျောင်းသူမယူအိမ်လင်းကလူငယ်နှင့်အလေ့အကျင့်၊၊ Grade-10ကျောင်းသား မောင်စွမ်းထက်မြတ်က လူငယ်နှင့်ယဉ်ကျေးမှု၊မစန်းစန်းမော်ကလူငယ်နှင့်စာပေ၊ မမေဦးယဉ်ကလူငယ်နှင့်နည်းပညာ၊ မောင်အောင်နိုင်က လူငယ်နှင့်အားကစား စသည့်ခေါင်းစဉ်များဖြင့်  အသီးသီးဆွေးနွေးခဲ့ပြီး လူငယ်စကားဝိုင်းသို့ တက်ရောက် လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့တက်ရောက်လာကြသည့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကျောက်ဆည်ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ လူငယ်စကားဝိုင်းဆောင်ရွက်မှုအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ ကြောင်း သိရသည်။

တင်တင်ထွေး၏