ကျောက်တန်းမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျောက်တန်း စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ကလေးသူငယ်အခွင့်အလမ်းများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျောက်တန်းမြို့ ရွှေမှော်ဝန်းသာသနာဗိမာန်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်သန်းထွန်းမှ အဖွင့်အမှာစကားပြောကြားကာ ကလေးသူငယ်များအခွင့်အရေးများဆိုင်ရာ အတွင်း​ရေးမှူး၊ သန်လျင်ခရိုင်၊ လူမူဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အေးအိအိအောင်မှ ကလေးသူငယ်များ အခွင့်အရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီးကော်မတီဝင်များမှ ကော်မတီအနေနှင့်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြသည်။ အဆိုပါအခမ်းအနားကို ​ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် (​၁) ဗိုလ်မှူးအောင်သန်းထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)