မိုင်းယောင်း စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့နံနက်ပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများ၌ စာအုပ်ငှားရမ်းပေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်နှင့် ဝန်ထမ်းများက ခရိုင်/မြို့နယ် ဌာနဆိုင်ရာရုံးများသို့ သွားရောက်ပြီး သုတစာအုပ်၊ ရသစာအုပ်၊ ရုပ်ပြစာအုပ်၊ မဂ္ဂဇင်းစာအုပ်၊ ဂျာနယ်/စာစောင်စသည့် စာအုပ်ပေါင်း ၈၀ကျော်အား အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း