ဒဂုံ စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး Edutainment ဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရန်ကုန်ရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းတင့်က ကျောင်းသားလူငယ်များ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာရေး Edutainment မူလတန်းအဆင့်နှင့် ပတ်သက်သည့် ရည်ရွယ်ချက်များကို အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ စုံစမ်းရေးမှူး ဒေါ်ထက်ထက်အောင်က ကျောင်းသားလူငယ်များ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး Edutainment များ လူ့အဖွဲ့အစည်းနှင့် အခြားသူတို့အား တာဝန်ယူမှုရှိခြင်း၊ ကိုယ်ကျိုးနှင့် အများအကျိုးကြား ခွဲခြားတွေးတောခြင်းနှင့်ပတ်သက်သည့် အကြောင်းအရာ များအား ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
အခမ်းအနားကို ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးမင်းခန့်သွင်၊ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးတင့်လွင်၊ ထက်၊ လယ်၊ မူကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ (၄၀၉) ဦးတို့တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဥမ္မာထွေးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်(ပြန်/ဆက်)