ပင်လုံမြို့ အလက(၃) ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်း နှစ်ပတ်လည်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ပင်လုံ စက်တင်ဘာ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်()အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်()နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို Grade-9ကျောင်းသား/သူလေးများက "မြန်မာ့မူမှန်"တေးသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး မိဘဆရာအသင်းနှင့် ကျောင်းအကျိုးတော်ဆောင်နာယက ဦးစိုင်းသန်းလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်း၏တစ်နှစ်တာလုပ်ငန်းတိုးတက်မှုနှင့် လုပ်ဆောင်ချက်များအကြောင်းကို ရှင်းလင်းပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်နှင့်မိဘဆရာအသင်းကိုယ်စားလှယ်ဦးသိန်းဇော်မှ ကျောင်းအကျိုးတော်ဆောင်များ၏ ဆောင်ရွက်ချက်များအကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပညာရည်ထူးချွန်ဆုရရှိကြသည့် ကျောင်းသား​/သူများကို တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြပါသည်။ထို့နောက် ကျောင်းသား/သူများမှ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး မိဘဆရာအသင်းအဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ဆရာ/ဆရာမများအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ပြီး အလက()ဆရာ/ဆရာမများမှ ကျောင်းအကျိုးတော်ဆောင်များနှင့် အလှူရှင်မိဘများအား အမှတ်တရလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ပြီးအခမ်းအနားကို Grade-9ကျောင်းသား/ကျောင်းသူလေးများက "ထာဝရသစ္စာ''သီချင်းဖြင့် ကပြဖျော်ဖြေပေးပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)