မိုင်းရှူးမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် (Biometric)အချက်အလက်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

မိုင်းရှူး စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်(၂)ဖြင့် ဝမ်လွိုင်ကျေးရွာအုပ်စုမှ ရွာသူ၊ ရွာသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသူများအား (Biometric)အချက်အလက်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)