ကွတ်ခိုင် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မြန်မာ့စီးပွာရေးဘဏ်၌ လစဉ်(၂၀) ရက်နေမှစ၍ နောက်လဆန်းပိုင်းအထိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို စဉ်ဆက်မပျက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားဦးရေ (၈၀၂)ဦးကျော်ခန့်ရှိပြီး အဆိုပါ ပင်စင်စားအငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လာရောက်ထုတ်ယူသူများ ငွေထုတ်ယူရာတွင်အဆင်ပြေချောမွေ့စေရေးအတွက် ဘဏ်ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)