လယ်ဝေး စက်တင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာတွင် ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သင်တန်းကျောင်း၌ သန်းခေါင်စာရင်း သင်တန်းတက်ရောက်နေသော သင်တန်းသားများက လက်တွေ့စမ်းသပ်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။.
အဆိုပါ လက်တွေ့စမ်းသပ်ကောက်ယူနေမှုအား ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦး၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်သိန်းဆိုင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်နှင့် ပြည်ထောင်စုနယ်မြေမှ ခရိုင်ဦးစီးမှုးများ ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများသည် ရွာမကျေးရွာအတွင်း သင်တန်းသား ၅၁ ဦးနှင့် ရပ်ကျေးတာဝန်ရှိသူများက တစ်အိမ်တက်ဆင်း Tablet ဖြင့် သန်းခေါင်စာရင်းကောက်ယူနေမှုများအား ကြည့်ရူအားပေးခဲ့သည်။ ထို့နောက် ရွာမကျောင်းတိုက်ဆရာတော်အား နေ့ဆွမ်းဆပ်ကပ်၍ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)