ဝမ်းတွင်းမြို့နယ်ရှိ စာဖတ်ဝိုင်း ကျင်းပ

ဝမ်းတွင်း စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာနတွင် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်လူရွယ်များအား ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် အထက်တန်းပြဆရာကြီး ဦးသန်းဆောင်က “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ် ဖတ်ရခြင်းဖြင့် ရရှိနိုင်သည့် အသိပညာ ဗဟုသုတများအကြောင်းကို ရှင်းလင်းဆွေးနွေးပြီး စာဖတ်ဝိုင်းကို ကျင်းပရာ မသင်းသီရိ Grade-11 က လူငယ်များအတွက် လူကြီးတွေ ပြင်ဆင်သင့်သည့် အရာများ၊ တပည့်တွေအကြောင်း၊ မမြဝတ်ရည်နှင်း Grade-11က ကံရာဇာငယ်၏  အလှူမဏ္ဍပ်၊ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ၊ မဇင်ဇင်ချို Grade-11က သူတို့ပြောတဲ့ မြန်မာအကြောင်း၊ အာစရိယ ပူဇော်ပွဲက အပြန်၊ မမေမြတ်နိုးကျော်က ဆရာမတိုက် ကျွေးသော အားပေးစကား၊ မြေဖြူနှင့် ပါဝါပွိုင့် စသည့် ခေါင်းစဥ်များဖြင့် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိနှင့် ဆရာဦးသန်းဆောင်မှ လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။

အဆိုပါ  လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်သော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ် စာဖတ်ဝိုင်းသို့ အခြေခံပညာအထက်တန်း (သဲတော)မှ ဆရာကြီး ဦးသန်းဆောင်နှင့် ကျောင်းသား/ကျောင်းသူများက တက်ရောက်ခဲ့ကြပြီး “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)