မိုင်းရှူးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ

မိုင်းရှူး  စက်တင်ဘာ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယနေ့နံနက်()နာရီက အခြေခံပညာအထက်တန်းကျောင်း ၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ဆရာမဒေါ်အေးအေးမြင့်က နှစ်စဉ် အောက်တိုဘာလ၅ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောခဲ့သည်။အဆိုပါ ဟောပြောပွဲတွင် Grade-5 မှ Grade-12 အထိ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)