ကလောမြို့၌ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုး သင်တန်းဆင်းပွဲ ကျင်းပ

ကလော  စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှု၊ ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရှမ်းတောင်ဇုန်)တို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၄)မျိုး သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၂ရက်နေ့ နံနက် ၁၀ နာရီက ကလောမြို့ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု သင်တန်း (၄)မျိုးဖြစ်သည့် အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ ဧည့်ကြိုသင်တန်း၊ အစားအစာ၊ အဖျော်ယမကာ (ဝန်ဆောင်မှု) သင်တန်းနှင့် အစားအစာထုတ်လုပ်မှုသင်တန်းတွင် ပထမ၊ဒုတိယ၊တတိယဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များကို ရှမ်းပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ကလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးပြည့်ဖြိုးငြိမ်းနှင့် တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်ဟိုတယ်ခရီးညွှန်မှူး၊ ကလောမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဉက္ကဋ္ဌ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရှမ်း‌တောင်ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဌ၊ ကလောမြိုနယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းဆရာများ၊ သင်တန်းသားများ စုစုပေါင်းအင်အား (၁၄၀)ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၂၂ ရက်နေ့အထိ သင်တန်းသား ၁၅၆ဦးကို သင်တန်းအလိုက်သတ်မှတ်ထား သောနေရာများတွင် ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)