ရမည်းသင်း စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာန တို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ-၅နေ့ကျရောက် မည့်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရမည်းသင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဒေါ်သိမ့်သိမ့်မျိုးက စာစီစာကုံးပြိုင်ပွဲကျင်းပခြင်း ရည်ရွယ်ချက်နှင့် လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ကျောင်းသူများကို လစဉ်ပြိုင်ပွဲများ၊ အသိပညာပေးဟောပြော ပွဲများကျင်းပရခြင်းများကိုရှင်းလင်းပြောကြားသည်။
ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲ ကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းသား/ကျောင်းသူ(၁၀)ဦး၊ မြို့မအခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းသား/ကျောင်းသူ(၁၀)ဦးနှင့်ရွှေဒါးအခြေခံ ပညာအထက်တန်း ကျောင်း၊ကျောင်း သား/ကျောင်းသူ(၉)ဦး၊ စုစုပေါင်း(၂၉)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများကို ၂၀၂၃ခုနှစ် ၊အောက်တိုဘာ၅ ရက်နေ့၊ ကမ္ဘာ့ဆရာနေ့၌ ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝင်းအောင်