မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့်  ဟန်မြင့်မိုရ်-မင်းစုလမ်း၌ လိုအပ်ချက်များရှိနေသည့် လိုင်းပိုင်းများအား ပြန်လည်ပြုပြင်ပေး

ကျောက်ဆည် စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာနှစ်အလိုက် လမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံ ငွေများဖြင့် ရန်ကုန်-မန္တလေးလမ်းနှင့် ကျေးရွာများအား ဆက်သွယ်ဖောက်လုပ်ထားသည့် ဟန်မြင့်မိုရ်-မင်းစုလမ်း၌  လိုအပ်ချက်များ ရှိနေသည့် လမ်းပိုင်များအား ပြန်လည်ပြုပေးခဲ့ကြောင်း သိရသည်။

လမ်းပြုပြင်ခြင်းလုပ်ငန်းများကို မန္တေလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၈.၀၀၀)ကျပ် သန်းဖြင့် ဟန်မြင့်မိုရ်-မင်းစုလမ်း၏ (၅)ကီလိုမီတာမှ(၅.၄)ကီလိုမီတာအတွင်း လမ်းအရှည် (၀.၂၆) ကီလိုမီတာအား ကတ္တရာထပ်ပိုးလွှာများ ခင်းပေးခြင်းဖြစ်ကြောင်းနှင့် လမ်းပြန်လည်ပြုပြင်ပေးခြင်း ကြောင့် လမ်းဘေးဝဲ/ယာရှိ ဒေသခံကျေးရွာပြည်သူများနှင့် လမ်းအသုံးပြုသူ ပြည်သူများအတွက် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန် ပစ္စည်းများသယ်ယူရာတွင် ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း သယ်ယူနိုင်မည်ဖြစ်ပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။           

သက်မောင်(ကျောက်ဆည်)