မောင်တော စက်တင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်ယမန်နေ့ နံနက် ၇ နာရီအချိန် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ပြည်သူ့ဆေးရုံဝင်အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြရာ အမှတ်(၃)နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့ခွဲမှူး ရဲမှူးကြီး နေစိုးအေးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် အမှတ် ၃ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နှင့် အမှတ် ၈ နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲတို့ ပူးပေါင်း၍ အရာရှိ ၊ တပ်ဖွဲ့ဝင် ၅၀ ဦးခန့်က ဘူးသီးတောင်မြို့ ၊ မြို့မရပ်ကွက်ရှိ ပြည်သူ့ဆေးရုံခြံဝင်း အတွင်းရှိ မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ်များအား သန့်ရှင်းသာယာလှပစေရေးအတွက် ခုတ်ထွင်ရှင်းလင်းပြီး ရေမြောင်းအတွင်းရှိ အမှိုက်သရိုက်များကိုလည်း ဆယ်ယူခြင်း၊ ပလတ်စတစ်အမှိုက်များ ကောက်ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)