ညောင်ဦး စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်က အဖွင့်အမှာစကား ပြောကြားပြီး ညောင်ဦးခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲးမှူးကြီးမြအောင်မှ ဆွေးနွေး တင်ပြသည်။ ဆက်လက်၍ ညောင်ဦးခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယရဲမှူး ဝင်းခိုင်မှ ဆွေးနွေးတင်ပြကြပြီး အစည်းအဝေး တက်ရောက်လာသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ဆွေးနွေးတင်ပြကြကာ ညောင်ဦးခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်မှ နိဂုံးချုပ် အမှာစကား ပြေားကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း