မရမ်းကုန်းမြို့နယ်ကြက်​ခြေနီ​​​စေတနာ့လုပ်အားရှင်များအား ထပ်ဆင့်ချီးမြှင့်ဂုဏ်ပြုပွဲကျင်းပ

မရမ်းကုန်း စက်တင်ဘာ ၂၅

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ ရန်ကုန်တိုင်း​ဒေသကြီး ကြက်ခြေနီကြီးကြပ်မှု​ကော်မတီမှကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်ကမ္ဘာ့​ရှေးဦးပြုစုခြင်း​နေ့အထိမ်းအမှတ်​ ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်ဂုဏ်​ဆောင်ဆုတံဆိပ်များ၊ တံခွန်စိုက်ဆုရရှိ​အောင်​ဆောင်ရွက်ခဲ့​သော မြို့နယ်ကြက်​ခြေနီ​​​စေတနာ့လုပ်အားရှင်များအား ထပ်ဆင့်ချီးမြှင့်ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်​နေ့နံနက်ပိုင်းက က​လေးဝ​တောရ​ကျောင်း၊ နာဂလိုဏ်ဂူ၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်း​ဒေသကြီး၊ ကြက်​ခြေနီကြီးကြပ်မှု​ကော်မတီဥက္ကဋ္ဌ​ဒေါက်တာဇော်​ဌေးက အဖွင့်အမှာစကား​ပြောကြားခြင်း၊ မြို့နယ်ကြက်​ခြေနီအသင်းခွဲနာယက  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်​ဇော်​ဇော်​အောင်က ဂုဏ်ပြုစကား​ပြောကြားခြင်း၊​ ရှေးဦးပြုစုခြင်းပြိုင်ပွဲတွင် ဆုရရှိသူများအားဂုဏ်ပြုဆု​​​ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ​ပေးအပ်ခြင်း၊ အလှူရှင်များ၊ ပံ့ပိုးကူညီသူများ၊ ​သွေးအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ မြို့နယ်ကြက်​ခြေနီအသင်းခွဲဥက္ကဋ္ဌဦး​မောင်​မောင်မြင့်မှ​ ကျေးဇူးတင်စကားပြန်လည်​ပြောကြားခြင်းနှင့် တံခွန်စိုက်ဆုအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ လွှဲ​ပြောင်း​ပေးအပ်ခြင်းများ​ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ တာဝန်ရှိလူကြီးများ၊ ဖိတ်ကြားထား​သောဧည့်သည်​တော်များနှင့် ကြက်​ခြေနီတပ်ဖွဲ့ဝင်များ တက်​​ရောက်ခဲ့ကြ​ကြောင်းသိရသည်။

​အေး​အေး​အောင်(ပြန်/ဆက်)