ကျိုင်းလပ် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ မူးယစ်ဆေးဝါးအကြောင်းအရာများနှင့် ကျန်းမာရေးအကြောင်း အသိပညာပေး နံရံကပ်စာစောင်များကို ယမန်နေ့တွင် ပြသထားကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်သည့် စိတ်ကျရောဂါဖြစ်ခြင်း၊ မိမိကိုယ်ကိုသေကြောင်းကြံစည်ခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း မိသားစုနှင့်လုပ်ငန်းအပေါ် စိတ်၀င်စားမှုနည်းလာခြင်း၊ အာရုံစူးစိုက်နိုင်မှု လျော့ပါးလာခြင်း၊ ပြင်းထန်စွာ စိုးရိမ်ကြောင်းကြမှုဖြစ်ခြင်း အစရှိသည့် အန္တရာယ်များကို သတိပြုကာကွယ်နိုင်ရန်နှင့် ကျန်းမာရေးစာစောင်များစသည့် အသိပညာဗဟုသုတများစွာ ရရှိနိုင်သည့် နံရံကပ်စာစောင်များကို ပြသပေးထားကြောင်း သိရသည်။
မေဇင်ဦး (ပြန်/ဆက်)