မိုင်းလုံမြို့ အ‌ခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး  အစည်းအဝေးဆောင်ရွက်

မိုင်းလုံ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး  အစည်းအဝေးကို ယမန်နေ့ ညနေ(၃)နာရီအချိန်၌ ဆောင်ရွက်ခဲ့သည်။

အစည်းဝေးတွင်   ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်လောင်က တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခြင်း၊ (Grade-10/11)အတန်းများကို အချိန်ပို သင်ကြား‌ပေးမည်ဖြစ်‌ကြောင်း၊ မိုင်းလုံမြို့ အထက်တန်းကျောင်းအတွက် စာသင်ခုံ အစုံ(၂၀၀)ရရှိသဖြင့် ကျောက်မဲမှမိုင်းလုံသို့ သယ်ယူရန် ယာဉ်လိုအပ်ကြောင်း ဆွေးနွေးတင်ပြပြီးနောက်  မြို့အုပ်ချုပ်ရေးမှူး ဦးသောင်းထွဋ်လင်းက ကျောင်းသားမိဘများကလည်း မိမိတို့ကလေးများ၏ အသွားအလာ အနေအထိုင်များကို ဂရုစိုက်ကြီးကြပ်ရန်၊ အောင်ချက်မြင့်မားရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားခြင်း၊ စာသင်ခုံ သယ်ယူရေးအတွက် လိုအပ်သောယာဉ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးမည့်အကြောင်း ဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းကော်မတီများနှင့် ကျောင်းသားမိဘတို့က လိုအပ်သောကိစ္စများကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)