မိုင်းတုံ စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ (၆) တန်းသွားစနစ်ဖြင့် စိုက်ပျိုးထားသော ဆင်းဧကရီ(၃) မိုးစပါး စိုက်ကွက်များသို့ ယမန်နေ့နံနက် ၁၁:၃၀ နာရီက မိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစိုက်ကွက်များသို့ လှည့်လည်ကြည့်ရှု ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းက (၆)တန်းသွားစနစ်ဖြင့် စိုက်ပျိုးထားသော ဆင်းဧကရီ(၃) မိုးစပါး မျိုးသန့်၊ မျိုးပေါ် စိုက်ခင်းသည် စုစုပေါင်း ဧက(၂၀) စိုက်ပျိုးထားကြောင်း၊ တစ်ဧကကို တင်း(၈၀)ထွက်မည့်ဟု ခန့်မှန်းထားသည့်အတွက် ဧက(၂၀)၏ ထွက်နှုန်းအား တင်း (၁၆၀၀)ထွက်မည့် မျိုးသန့်မျိုးပေါ် ဆင်းဧကရီ မိုးစပါးစိုက်ခင်းမှ ထွက်လာသမျှကို တောင်သူများအား ပြန်လည်ဖြန့်ဝေပေးသွားမည်ာဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးသည့်အဖွဲ့များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းက ရှင်းလင်းပြခဲ့ကြောင်း သိရှိရသည်။
မျိုးကျော်စိုး(မိုင်းတုံ၊ ပြန်/ဆက်)