မိုင်းတုံမြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေ ကြီးကြပ်စီမံခန့်ခွဲရေးကော်မတီမှ မွေးမြူရေးအ‌ခြေအနေအား ကွင်းဆင်းကြည့်ရူ့

 မိုင်းတုံ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေ  ကြီးကြပ်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးလွင်မိုးနှင့် အဖွဲ့ဝင်များသည် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူး‌ပေါင်း၍  ရက်သတ္တပတ်လှုပ်ရှားမှု အဖြစ် လွယ်ခမ်းလုံကျေးရွာအုပ်စုရှိ ပါခတ်ကျေးရွာတွင် ဝက်မွေးမြူရေးအစုအဖွဲ့၏ ဝက်မွေးမြူရေးအ‌ခြေအနေ၊ ဝက်ကျန်းမာရေးနှင့် ဝက်ခြံများ၊ ပိုးသတ်ဆေးများ လိုက်လံပတ်ဖျန်းခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့‌ကြောင်း သိရသည်။

မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေ ကြီးကြပ်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ ဦးလွင်မိုးနှင့် အဖွဲ့ဝင်များကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ အောင်ဖြိုးဝေက မွေးမြူရေးခြံများ၌ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများကူးစက်မှု မဖြစ်‌ပေါ်စေ‌ရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် ပိုးသတ်ဆေးများ လိုက်လံဖြန်းပေးခြင်း ဖြစ်ကြောင်း၊ တောင်သူများတွင် မွေးမြူထားသော နွားများကိုလည်း ပေါင်ပုတ် လက်ပုတ်၊ ဒေါင့်သန်း ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိကြောင်း၊ နိုးစားနွားမွေးမြူရေးခြံများ၊ ဝက်မွေးမြူရေးခြံများ၊ ကြက်မွေးမြူရေးခြံများ၊ ဆိတ်မွေးမြူရေးခြံများသို့လည်း လစဉ်သွား‌ရောက်၍ မွေးမြူရေးခြံပိုင်ရှင်များအား‌ ကျွဲ၊ နွား၊ ဝက်၊ ကြက်များတွင် ဖြစ်တတ်သောရောဂါများ ကြိုတင်ကာကွယ်ရေးနှင့် ပိုးသတ်ဆေးအသုံးပြုပုံ၊ အသုံးပြုနည်းများကိုလည်း အသိပညာပေးလျက် ရှိသည်ကိုလည်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။‌

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)