သာစည် စက်တင်ဘာ ၂၅
အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ စက်တင်ဘာ ၂၄ ရက်က မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ် သွေးလိုအပ်ချက်များ ရှိပါက အသင့်အသုံးပြုနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသွင်ဦး ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင် ၆ ဦးတို့က စုပေါင်း သွေးလှူဒါန်းကြရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဇေယျာမျိုးနှင့် ဝန်ထမ်းများက သွေးလှူဒါန်းနိုင်ရန် လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)