ကွန်ဟိန်းမြို့နယ် ကြက်ခြေနီအသင်းခွဲပြန်လည်ဖွဲ့စည်းခြင်းနှင့် တပ်ဖွဲ့ဝင်များမိတ်ဆက်ခြင်းအခမ်းအနားကျင်းပ

ကွန်ဟိန်း စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်ကြက်ခြေနီအသင်းခွဲ ပြန်လည်ဖွဲ့စည်းခြင်းနှင့် တပ်ဖွဲ့ဝင်များမိတ်ဆက်ခြင်းအခမ်းအနားကို ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်(၉) နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်  ဒေါက်တာခင်မောင်ရင်က မြို့နယ်ကြက်ခြေနီအသင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌဦးပြည့်ဖြိုးအောင်မှ အသင်းဖွဲ့စည်းပုံအကြောင်းရှင်းလင်းတင်ပြပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ပါသည်။ ယင်းနောက်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးအောင်ဖြိုးဇော်မှ ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကွန်ဟိန်း (ပြန်/ဆက်)