တကောင်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

တကောင်း စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းမှစ၍ တကောင်းမြို့အမှတ် (၁)ရပ်ကွက်ရှိ ဒေသခံပြည်သူများ အားရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နယ်မြေစခန်းမှူး ရဲအုပ်အောင်ကိုဝင်း၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရပ်မိ၊ ရပ်ဖများ ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနမှ ခွဲဝေချထားပေးသည့် စားသုံးဆီများအား (၁)ပိဿာလျှင်(၅၈၀၀)ကျပ်နှုန်းဖြင့် အမှတ်(၁)ရပ်ကွက်ရှိ  အိမ်ထောင်စု (၅၇၃)စုအား (၁)အိမ်ထောင်လျှင် (၁)ပိဿာနှုန်းဖြင့် ဖြန့်ဝေရောင်းချပေးလျက်ရှိပြီး ကျန်ရှိသည့် ရပ်ကွက်များမှ ဒေသခံပြည်သူများအား ဆက်လက်ဖြန့်ဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)