သာစည် စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်တက်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းကို စာရေးဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သင်းသင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော စာရေးဆရာများက စာပေဖတ်မှတ်ရာတွင်လိုက်နာသင့်သည့်အချက်များ၊ စာဖတ်ဝိုင်း၏အဓိပ္ပါယ်၊ စာရေးဆရာကြီးမောင်ခင်မင်(ဓနုဖြူ)၏ လေးစားအားကျအတုယူဖွယ်ရာများကို ပြောကြားသည်။ ထို့နောက် သာစည်မြို့အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများ၊ အမှတ်(၂)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မီးရထားကျောင်းနှင့် မောင်းတိုင်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်းတို့မှ ကျောင်းသား/သူများက အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်ပါ ဆရာမတိုက်ကျွေးသော အားဆေးစကား၊ ဆရာနှင့်ပတ်သက်သည့်အတွေးများ၊ စာသင်ရာမှာရယ်မောစရာ၊ ဆရာတပည့်ပုံရိပ်များနှင့် မြန်မာစာက ပုံဖော်ပြသော သဘာဝပတ်ဝန်းကျင်အလှကွက်များ ခေါင်းစဉ်များဖြင့်အပြန်အလှန်ဆွေးနွေးကြပြီး စာရေးဆရာများက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌစာရေးဆရာအောင်ပိုင်၊ မြို့နယ်မှစာရေးဆရာများနှင့်ကဗျာဆရာများ၊ ဆရာမများနှင့်ကျောင်းသား/သူများတက်ရောက်ခဲ့ကြောကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်