လားရှိုး စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေး ပညာရည်ချွန်ဆုပေးပွဲနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(၂) ကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ပညာရေးမှူး ညွှန်ကြားရေးမှူးဦးခင်မောင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းကော်မတီအတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးဒေါ်ငွေကြိုင်နှင့်တာဝန်ရှိသူများက ကျောင်းအတွက်လိုအပ်သည်များကို အဖက်ဖက်မှပါဝင်လှူဒါန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ကျောင်းသား၊ ကျောင်းသူများကို ထူးချွန်စွာပညာသင်ကြားပေးခဲ့ကြသည့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြသည်။ ယင်းနောက် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများက အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်