ကျောက်တလုံးကြီး စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဒေသခံပြည်သူများ အခြေခံစာတတ်မြောက်မှုနှုန်း တိုးတက်မြင့်မားပြီး လူမှုဘဝမြင့်မားရေးအတွက် စာတတ်မြောက်ရေးလှုပ်ရှားမှုအဖြစ် အခြေခံစာတတ်မြောက်ရေးသင်တန်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီကပြုလုပ်သည်။
စာတတ်မြောက်ရေးလှုပ်ရှားမှုကို နိုင်ငံသားများ၏ လူမှုဘဝမြင့်မားရေးအတွက် အခြေခံစာတတ်မြောက်ရေးနှင့် တာဝန်သိနိုင်ငံသားကောင်းဆိုင်ရာ အခြေခံအသိပညာပေးလုပ်ငန်းကို ဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဦစီးဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြု အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဒေသအလိုက် စာတတ်မြောက်မှုနှုန်း၊ တိုးတက်ရေးနှင့် လူမှုဘဝမြင့်မားစေရေး၊ သင်ယူသူများသည် အခြေခံစာတတ်မြောက်မှု စွမ်းရည်သာမက နိုင်ငံသားကောင်း အခြေခံအလေ့အကျင့်များ ပိုမိုရရှိလာနိုင်ရေး၊ နိုင်ငံသူ၊ နိုင်ငံသားများအတွက် ပညာရယူရန် ကိရိယာတစ်ခုဖြစ်သော အရေးအဖတ်တို့အတွက် အခြေပြုသင်ကြားပေးခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းပြီး လူမှုဘဝမြင့်မားစေရေးအတွက် အသိပညာပေးခြင်းတို့ဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းနှင့် ပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရေး၊ ဒေသအတွင်းမှ အခြေခံပညာအထက်တန်းအဆင့်နှင့် အထက်ရှိ ဒေသခံစေတနာလုပ်အားပေးများ၊ ရပ်ရွာရှိ လူမှုရေးအသင်းအဖွဲ့များနှင့် အခြေခံပညာမှ ဆရာ/ဆရာမများ၏ လုပ်အားဖြင့် ဒေသအတွင်း အခြေခံစာတတ်မြောက်မှုနှုန်းကို တိုးတက်လာနိုင်ရေးနှင့် လူမှုဘဝမြင့်မားလာရေးစသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေးသင်တန်းများကို ပထမအကြိမ်အဖြစ် အောက်တိုဘာလမှ နိုဝင်ဘာလအထိ သင်တန်းကာလ ၂ လသတ်မှတ်၍လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ သင်တန်းကာလ ၃ လ သတ်မှတ်၍လည်းကောင်း အ.ထ.က ကျောက်တလုံးကြီးနှင့် အ.ထ.က(ခွဲ)နောင်ခဲတို့တွင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်နိုင်လင်း