အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း (online sales)များ eComReg system စနစ် မိတ်ဆက်ပေးခြင်းနှင့် အသိပညာပေးခြင်း အခမ်းအနားကျင်းပ

မဟာအောင်မြေ စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း (online sales)များ eComReg system စနစ် မိတ်ဆက်ပေးခြင်းနှင့် အသိပညာပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် MRCCI ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌဦး‌ကျော်စိုးနိုင်က နှုတ်ခွန်းဆက်စကား ပြောကြားကာ မန္တလေးတိုင်းဒေသကြီး၊ စာသုံးသူရေးရာဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်က အွန်လိုင်းစနစ်ဖြင့် ရောင်းချသူ (online sales) များ မှတ်ပုံတင်မှုအတွက် အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့်သူများအ‌နေဖြင့်လိုက်နာရမည့် စည်မျဉ်းစည်းကမ်းများအား ရှင်းလင်းခဲ့ပြီး‌နောက် ကုန်သွယ်ရေးဦးစီးဌာန သတင်းအချက်နည်းပညာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင်းက အွန်လိုင်းစနစ်ဖြင့် ရောင်းချသူ (online sales)များ online စနစ်ဖြင့် မှတ်ပုံတင်နိုင်ရေး e-Commerce Registration စနစ်အား ရှင်းလင်းပြောကြားကာ တက်ရောက်လာသော ဧည့်သည်တော်များက သိလိုသည်များမေးမြန်းဆွေးနွေးခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြ‌ကြောင်းသိရသည်။

အဆိုပါအခမ်းအနားအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ‌ဒုတိယဥက္ကဋ္ဌ ဦး‌ကျော်စိုးနိုင်၊ စာသုံးသူရေးရာဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်နှင့် ဖိတ်ကြားထားသောဧည့်သည်တော် စုစု‌ပေါင်း(၂၅၀)ခန့် တက်ရောက်ခဲ့သည်။

ရွှေတိုး