ကျောက်ဆည် စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ပေါင်လောင်ကြီးကျေးရွာတွင် စိုက်ပျိုးထားရှိသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နနွင်းပွင့်များ ချိုးယူရောင်းချိန် ဖြစ်သောကြောင့် အပိုဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။
နနွင်းသီးနှံသည် စိုက်ပျိုးပြီး(၄)လခန့်တွင် နနွင်းအပွင့်များ စတင်ပွင့်ပြီး ဈေးကွက်တွင် ရောင်းချပါက အပိုဝင်ငွေအဖြစ် နနွင်းတစ်ဧကတွင် ငွေကျပ်(၅)သောင်းခန့် ရရှိကြောင်းနှင့် (၈)လကျော်တွင် နနွင်းအတတ်များ တူးဖော်ရကြောင်း၊ တစ်ဧကတွင် နနွင်းအစို အချိန် (၃၇၀၀)ပိဿာမှ (၄၀၀၀)ပိဿာ ရရှိကြောင်း၊ ပြုတ်ပြီးအခြောက်လှန်းပါက ကုန်ချိန်(၈၀၀)ပိဿာမှ (၁၀၀၀)ပိဿာ ခန့်ရရှိကြေင်း သိရှိရသည်။
နနွင်းစိုက်ပျိုးမည်ဆိုပါက မြေကို စိတ်ကြိုက်ပြုပြင်ပြီး အကျယ်(၃)ပေ၊ အမြင့်(၁)ပေခွဲခန့် မြေဘောင် များ ပြုလုပ်ကာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးစိုက်ပျိုးခြင်းနှင့် နနွင်းအတက် မျိုးစိုက်ပျိုးခြင်းဟူ၍ (၂)မျိုးရှိရာ နနွင်းခေါင်းမျိုးစိုက်ပျိုးပါက တစ်ဧကကုန်ချိန် (၅၀၀)ပိဿာခန့် စိုက်ပျိုးရပြီး၊ နနွင်းအတက်မျိုးစိုက်ပျိုးပါက ကုန်ချိန်(၆၀၀)ပိဿာခန့် စိုက်ပျိုးရကြောင်း စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၅)လက်မအကွာ စိုက်ပျိုးရကြောင်း၊ နနွင်းသည် မြေထဲတွင် အတက်ပွားသည့် သီးနှံဖြစ်သောကြောင့် မြေအစိုဓာတ်ရရှိစေရန် ရေသွင်းပေးရကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)