မြစ်သားမြို့နယ် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မြစ်သား စက်တင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဆွေးနွေးပွဲတွင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဝါဝါစန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကောလာဟလအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းကိုပြောကြားကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဘက်စုံသားဖွားဆရာမဒေါ်ဝင်းဌေးက သတိပြုကာကွယ် သွေးလွန်တုပ်ကွေးအန္တရာယ်နှင့် ကလေးများအတွက် အရေးပါသောအာဟာရအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

၎င်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုရဲအုပ်က အွန်လိုင်းဂိမ်း အွန်လိုင်းကံစမ်းမဲ အွန်လိုင်းချေး‌ငွေလောင်းကစားလုပ်ငန်းများနှင့် အွန်လိုင်းမှ လိမ်လည်လှည့်ဖြားမှုများအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်းရုံးရေး ကော်မတီနှင့်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲများကို လစဉ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းထွန်း(မြစ်သား)