မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်များအား ကွင်းဆင်းဆောင်ရွက်

မိုင်းယောင်း စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယမန်နေ့က တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဟောင်ကြန့်ကျေးရွာအုပ်စု ကုက္ကိုပင်ကျေးရွာ မြို့နယ်စစ်မှုထမ်းဟောင်းမြေနေရာအား မြေပေးမိန့်(မြေအသုံးချခွင့်) ရရှိရေးအတွက် လမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ(မြို့ပြ) ဦးထက်ဝေတင့်၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ ဟောင်ကြန့်ကျေးရွာအုပ်စု တာဝန်ခံတို့နှင့်အတူ မြေနေရာနှင့်ပတ်သက်သည့် အထောက်အထားများ၊ လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှု ရှိ၊ မရှိတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်စစ်မှုထမ်းဟောင်းမြေနေရာအား မြေပေးမိန့်(မြေအသုံးချခွင့်)ရရှိရေး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း