ကျိုင်းတောင်း စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် (၅၉)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတောင်းနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူးဒုရဲအုပ်လှဝင်းနောင်ဦးဆောင်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့်အိမ်ထောင်သည်ရဲမေများတို့က ကျိုင်းတောင်းတိုက်နယ်ဆေးရုံ၌ ယနေ့နံနက်ပိုင်း ၈ နာရီအချိန်ခန့်ကစုပေါင်း၍ သွေးလှူဒါန်းခဲ့ကြသည်။
စုပေါင်းသွေးလှူဒါန်းရာတွင် ကျိုင်းတောင်းတိုက်နယ်ဆေးရုံ၌ အမှန်တကယ်သွေးလိုအပ်နေသော ဝေဒနာရှင်များအတွက် သွေးအမျိုးအစားမျိုးစုံကို အလှူတစ်ရပ်အနေဖြင့် စုပေါင်းသွေးလှူဒါန်းပေးခဲ့ကြပြီး ဆက်လက်၍ကျိုင်းတောင်းတိုက်နယ်ဆေးရုံ၌ ဆေးကုသခံယူလျက်ရှိသော ဝေဒနာရှင်များအား ကျိုင်းတောင်းနယ်မြေရဲစခန်းမှ အာဟာရအဖြစ် ကြက်သားဆန်ပြုတ်နှင့် အာဟာရမုန့်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)