ဒဂုံမြို့နယ်တွင် ကျောင်းကြက်ခြေနီနှင့်ရှေးဦးပြုစုခြင်းသိကောင်းစရာ ဟောပြောပွဲကျင်းပဆောင်ရွက်

 ဒဂုံ     စက်တင်ဘာလ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ​ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက ကြီးမှူးပြုလုပ်သည့် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်းသိကောင်းစရာဟောပြောပွဲကို ယမန်နေ့နေ့လယ်(၁)နာရီက ဒဂုံမြို့နယ်အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ(၃၀၉)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်ကြက်ခြေနီဒုတိယခရိုင်တပ်ဖွဲ့မှူး ဦးသက်မောင်က ကြက်ခြေနီအကြောင်းသိကောင်းစရာအသင်း၏ရည်ရွယ်ချက်မှာ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန် အခြေခံမှု(၇)ချက်ကိုဟောပြောခဲ့ပြီး ဒုတိယခရိုင်ဦးစီးမှူးဦးသုခအောင်က နှလုံးနှိုးဆွနည်းနှင့်အသက်ရှူအားကူနည်း(CPR)နှင့် အရိုးကျိုးခြင်းအပွင့်ဒဏ်ရာအပိတ်ဒဏ်ရာ၊ သတိလစ်ခြင်းအကြောင်းကိုရှင်းလင်းပို့ချခြင်း၊ တပ်ခွဲမှူးဦးမိုးလှိုင်ထွဋ်က ဆို့နစ်ခြင်းနှင့်လူနာဆန်းစစ်ခြင်းနှင့် လူနာသယ်ဆောင်နည်း၊ ထမ်းစင်ဖြင့်လူနာသယ်ဆောင်နည်းများကို စာတွေ့လက်တွေ့သရုပ်ပြခြင်းများကို ကျောင်းသားကျောင်းသူများအား သင်ထောက်ကူပစ္စည်းများဖြင့် ဟောပြောပို့ချခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်(ပြန်/ဆက်)