မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်)ပြိုင်ပွဲဖွင့်ပွဲကို မန္တလေးမြို့၊ အနုပညာဦးစီးဌာန၊‌ လေ့ကျင့်‌ရေးဇာတ်ရုံတွင် ကျင်းပပြုလုပ်

မန္တလေး စက်တင်ဘာ ၂၄

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင်အဆင့်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ အနုပညာဦးစီးဌာန(မန္တလေး)၊ လေ့ကျင့်ရေးဇာတ်ရုံတွင်ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးအောင်မင်း၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ မန္တလေးတိုင်းဒေသကြီးသဘင်အစည်းအရုံးနှင့် မန္တလေးတိုင်းဒေသကြီးဂီတအစည်းအရုံးတို့မှတာဝန်ရှိသူများ၊ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်နှင့်အမရပူခရိုင်တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်များ၊ ပြိုင်ပွဲဝင်အနုပညာရှင်များ၊ ဝါသနာရှင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ မဟာအောင်မြေခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမင်းဟိန်း၊ အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မန္တလေးတိုင်းဒေသကြီးသဘင်အစည်းအရုံး၊ ဥက္ကဋ္ဌဦးပစ်တိုင်းထောင်နှင့် မန္တလေးတိုင်းဒေသကြီးဂီတအစည်းအရုံးဥက္ကဋ္ဌဦးတင်ဦးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယကအောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဆွေက အမှာစကားပြောကြားသည်။

ထို့နောက် အမျိုးဂုဏ်ဇာတိဂုဏ်တေးသီချင်းဖြင့် ဝါနာရှင်ဒုတိယတန်းအဆင့်ပြိုင်ပွဲဝင် မောင်နိုင်ဝင်းကိုကို၊ ခေတ်ဟောင်းကာလပေါ်တေးသီချင်းများဖြင့် ဝါသနာရှင်ဒုတိယတန်းအဆင့် ပြိုင်ပွဲဝင်မသဉ္ဇာမျိုး၊ တစ်ဦးချင်းအကဖြင့် ဝါသနာရှင် ပထမတန်းအဆင့်ပြိုင်ပွဲဝင် ဇွဲထက်မြတ်၊ တစ်ဦးချင်းအကဖြင့် အသက် (၁၀~၁၅)နှစ် အဆင့် ပြိုင်ပွဲဝင် မဆုမွန်သိမ့် ၊ အသက် (၁၅~၂၀)နှစ်အဆင့် ဆိုင်းတစ်ဦးချင်းပြိုင်ပွဲဝင် မောင်ဝေယံဖြိုး၊ ဆိုင်းအဖွဲ့လိုက်ဖြင့် အသက်(၁၀~၁၅)နှစ် အဆင့်ပြိုင်ပွဲဝင် မောင်ဆယ်လီဟိန်း၊ အိုးစည်အတီးဖြင့် ဝါသနာရှင်ဒုတိယတန်းအဆင့် မောင်မင်းသူဇော်တို့က အသီးသီးဧည့်ခံဖျာ်ဖြေကြရာ တိုင်းဒေသကြီးဝန်ကြီးများနှင့်ခရိုင်အုပ်ချုပ်ရးမှူးများက အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)