တာမိုးညဲ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပုံပြင်ပြောပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခေါန်မိုင်က ကျောင်းသား၊ ကျောင်းသူလေးများ ကျောင်းတွင်းပြိုင်ပွဲများအပြင် ပြင်ပပြိုင်ပွဲများ၌လည်း ပါဝင်ယှဉ်ပြိုင်လိုစိတ်ရှိစေရန်နှင့် လူအများရှေ့တွင် အပြောစွမ်းရည်ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲကိုကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး Grade-3 မှ ကျောင်းသားမောင်မင်းသက်ကျော်က “အငြင်းသန်လျှင် ရန်ဖြစ်သည်” ပုံပြင်နှင့်လည်းကောင်း၊ Grade – 4 မှ ကျောင်းသူမခေါန်မိုင်က “ဆင်ဝေလငါးနှင့်ယုန်” ပုံပြင်နှင့်လည်းကောင်း၊ ကျောင်းသူလေးမဂျုံးနော်က “လုံးလ” ပုံပြင်နှင့်လည်းကောင်း အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသောကျောင်းသားကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခေါန်မိုင်က ဆုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
တာမိုးညဲ (ပြန်ဆက်)