ပန်ဆိုင်း စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ် )မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် (၁၀:၃၀)အချိန်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့ဦးစီးမှူးရုံးမှ ရှေ့တန်းရုံးတာဝန်ခံ ဦးမောင်မောင်ကျော်ဦးဆောင်သည့် ဝန်ထမ်းများသည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ရာ၌ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ် ပြုလုပ်ပေးရာတွင် ကျား(၁၉)ဦး၊ မ (၁၇)ဦး စုစုပေါင်း (၃၆)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ပန်ဆိုင်း (ပြန်/ဆက်)