ကွတ်ခိုင်မြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် အ.ထ.က(၁)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ကွတ်ခိုင် စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် အနာဂတ် လူငယ်လူရွယ်များသည် တိုင်းပြည်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်ရာ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်တို့ဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က အ.ထ.က (၁)ကျောင်း၊ ရွှေဂန္ဓမာခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွား အခမ်းအနားတွင် ကွတ်ခိုင်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးဝင်းက လူငယ်စကားဝိုင်း ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား  ရှင်းလင်း‌ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ Grade-(11)မှ ကျောင်းသား မောင်မျိုးဂျတ်အောင်က “ကာကွယ်တားဆီး မူးယစ်မီး”၊ Grade-(11)မှ ကျောင်းသူ မအိအိခိုင်က “စာတတ်ဖို့သာမက ပညာတတ်ဖို့ပါ ကြိုးစားကြ”၊ Grade-(10)မှ ကျောင်းသား မောင်Tခွန်ဆိုင်းလတ်က “လူငယ်နှင့်စာရိတ္တ”၊ Grade-(10)မှ မသင်းဆုပိုက “မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးကြပြီး  တတ်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြကာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး လူငယ်စကားဝိုင်းကို‌ ကျင်းပခဲ့ကြောင်း သိရပါသည်။

ထို့နောက် ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးကြသည့် ကျောင်းသား/သူများအား မြို့နယ် ပြန်/ဆက် ဦးစီးမှူးက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရပါသည်။

ချစ်မျိုးဦး (ကွတ်ခိုင်)