မင်္ဂလာဒုံ စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီက ရွှေပြည်သာမြို့နယ် ၆ ရပ်ကွက်ရှိ အောင်သုခကိုယ်ပိုင် အထက်တန်းကျောင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်၊ လမ်းကင်းရှင်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။
ဟောပြောပွဲ မင်္ဂလာဒုံခရိုင်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းအဖွဲ့မှ တပ်ဖွဲစုမှူး ဒုရဲမှူး ဇော်ဇော်စိုးနှင့် တပ်ဖွဲ့ဝင်များက ကျောင်းကြို့/ပို့ မော်တော်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များ၊ ယာဉ်ပိုင်ရှင်များကို ယာဉ်အန္တရာယ်ကင်းရှင်းရေး လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်မောင်း ယာဉ်နောက်လိုက် ယာဉ်ပိုင်ရှင်များ အခြေခံသိရှိနားလည်းထားရမယ့် ယာဉ်မောင်းနှင်ခြင်းဆိုင်ရာ အခြေခံအချက်အလက်များ၊ လိုက်နာကျင့်သုံးရမည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့၏ အခြေခံအချက်အလက်များကို အသေးစိတ်ဆွေးနွေး ဟောပြောပို့ချခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲသို့ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် ၇၅ ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဝုန်လွန်းညောင် (ပြန်/ဆက်)