ညောင်ရွှေ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား (၂၁)ဌာနဒေသစာရီ ကြွချီပူဇော်ခံပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဘုရားကြွချီပူဇော်ခံမည့်ဌာနများမှ အုပ်ချုပ်ရေးမှူးများ၊ ဘုရားဂေါပကအဖွဲ့များနှင့် တွေ့ဆုံးဆွေးနွေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ(၂၃)ရက် မွန်းလွဲ(၁)နာရီက အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားကုန်းတော်ရှိ ဗုဒ္ဓသာသ နာထိန်ထိန်လင်း ကျောင်းတော်ကြီး၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စွာလင်းက အမှာစကားပြောကြားရာတွင် ယခုနှစ်အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီပူဇော်ခံပွဲကို စည်ကားသိုက် မြိုက်စွာ ဆင်ယင်ကျင်းပနိုင်ရေးအတွက် ပွဲတော်ကျင်းပရေးကော်မတီများ အသီးသီးဖွဲ့စည်း တာဝန် ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ ဘုရားကြွချီရာ ရေလမ်းကြောင်းတလျောက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာနမှ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ဘုရားကြွချီရာဌာနများအသီး သီမှ မိမိတို့ဌာနအလိုက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားကြဖို့အတွက် လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းရန် ယခုအစည်းအဝေးခေါ်ယူရခြင်း ဖြစ်ပါကြောင်း၊ အင်းလေးဖောင်တော်ဦးဘုရား ပွဲတော်သည် မိမိတို့နေရာဌာနတစ်ခုတည်းသာမက အင်းလေးဒေသတစ်ခုလုံး၏ ရိုးရာအစဉ်အလာ ပွဲတော်တစ်ခုဖြစ်တာနှင့်အညီ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုဖြင့် ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများမှ မိမိတို့ဌာနအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ