ဗဟန်း စက်တင်ဘာလ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီက ကြီးမှူးပြုလုပ်သည့် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာ ဟောပြောပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ် (၁)နာရီက ဗဟန်းမြို့နယ်၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၊ မြတ်ပန်းမဉ္ဇူခန်းမတွင် ကျင်းပရာ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ(၇၀) ဦး တက်ရောက်သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်ကိုဦးက ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ အသင်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူ(၇)ချက်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး ဒုတိယမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးထက်အောင်က နှလုံးနှိုးဆွနည်းနှင့် အသက်ရှူအားကူနည်း(CPR)နှင့် အရိုးကျိုးခြင်းအပွင့်ဒဏ်ရာ အပိတ်ဒဏ်ရာ၊ သတိလစ်ခြင်းအကြောင်းကို ရှင်းလင်းပို့ချပြီး လူနာဆန်းစစ်ခြင်းနှင့် လူနာသယ်ဆောင်နည်းများကို သင်ထောက်ကူပစ္စည်းများဖြင့် စာတွေ့ လက်တွေ့ သရုပ်ပြ အသိပညာပေး ဟောပြောခဲ့သည်။
မိုးမိုး