ငပလီ စက်တင်ဘာ ၂၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်၊ ငပလီမြို့ရုံး၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ် ၁၂ နာရီအချိန်က စာရေးဆရာမခင်စောတင့် ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစု စာအုပ်ဖြင့်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ရှေ့ဦးစွာ မြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေး ကစာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားပြီးနောက် စာဖတ်ဝိုင်းကို စတင်ရာ Book Clubအဖွဲ့ဝင်ဦးအေးညွန့်က စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစု စာအုပ်မှ လမ်းလျှောက်ထွက်ကြမယ်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်ခင်မိုးလွင်က မွေးမေမေနှင့်ကျွေးမေမေ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်ကြည်ရွှေက တန်ဖိုးထားပါစားစရာ ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးကြသည်။ ထို့နောက် မြို့ဦးစီးမှူး ဒေါ်မြင့်မြင့်အေး ကစာဖတ်ပရိသတ်ဆွေးနွေးချက်များအပေါ်ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ငပလီ(ပြန်/ဆက်)