သံတွဲ စက်တင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ Women Club နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁း၃၀ နာရီက အဆိုပါအဆောက်အဦအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဒေါက်တာမြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး)ရေးသားသည့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှတားဆီးကာကွယ်ခြင်း” ဆောင်းပါးမှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုအကြောင်းသိကောင်းစရာများကို ဖတ်ကြားဆွေးနွေး ခဲ့သည်။
၎င်းနောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် Women Club အဖွဲ့ဝင် ဒေါ်ခင်မူက “အမျိုးသမီးများအပေါ်အကြမ်းဖက်သော အပြုအမှု များ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်သင်းသင်းမာက “အမျိုးသမီးများအပေါ်အကြမ်းဖက်ခံရမှုအခြေအနေ” ဒေါ်ခင်ညိုရင်က အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေတွင်ပါဝင်သော လူ့အခွင့်အရေးဆိုင်ရာအချက်များ၊ မမြတ်စုဟန်က “အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ပေးမည့် ဥပဒေများတွင်ထည့်သွင်း ဖော်ပြရမည့်အချက်များ” ခေါင်းစဉ်များဖြင့် အသီးသီးဖတ်ကြားဆွေနွေးခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူးက ဖတ်ကြားဆွေးနွေးမှုများအပေါ် ပြန်လည်ခြုံငုံသုံးသပ်ဆွေးနွေးပေးခဲ့သည်။
ထို့အပြင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊ အသိပညာပေးဟောပြောပွဲများနှင့် ဆွေးနွေးပွဲများ၊ လူငယ်စကားဝိုင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
သန့်ဇင်(ခရိုင်ပြန်ဆက်)