မောင်တော စက်တင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသအတွင်း ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး၊ လူမှုစီးပွားဘဝ မြင့်မားလာစေရေး၊ ဝင်ငွေပိုမိုရရှိနိုင်ရေးအတွက် အခြေခံငါးမွေးမြူရေး၊ ဆေးထိုးသားပေါက်နည်းပညာပေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် နည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးက အဖွင့်အမှာစကားပြောကြားရာတွင် ဒေသအတွင်းငါးမျိုးများ မပြုန်းတီးစေရေး လိုအပ်သော ငါးရိက္ခာကို သဘာဝရေပြင်မှဖမ်းဆီးထုတ်လုပ်ခြင်းထက် မွေးမြူရေးလုပ်ငန်းမှ ထုတ်လုပ်နိုင်အောင် ပြောင်းလဲဆောင်ရွက်လာကြပြီဖြစ်သဖြင့် မွေးမြူရေးမှထုတ်လုပ်ရာတွင် သမရိုးကျစနစ်မှ အထွက်တိုးမွေးမြူမှသာ ပိုမိုထုတ်လုပ်နိုင်မှာဖြစ်ပြီး မွေးမြူရေးတောင်သူများလည်း မိသားစုဝင်ငွေတိုးပွားပြီး အကျိုးအမြတ်ရရှိနိုင်မှာဖြစ်ပါကြောင်း စသည့်တို့ကိုပြောကြားခဲ့သည်။ ထို့နောက် မောင်တောခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးနိုင်ဝင်းသိန်းက အခြေခံငါးမွေးမြူရေး၊ ဆေးထိုးသားပေါက်နည်းပညာပေးနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်နည်းပညာပေးသင်တန်းဖွင့်လှစ်ရခြင်းများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကို ကျေးရွာများရှိ တောင်သူ ၂၀ ဦးတက်ရောက်သင်ယူမည်ဖြစ်ပြီး နည်းပြ ၄ ဦးက သင်ကြားပို့ချပေးမည်ဖြစ်ရာ သင်တန်းကာလမှာ နှစ်ရက်တာဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးနိုင်ဝင်းသိန်းနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူ များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်