စာ‌ရေးဆရာအောင်သင်း ရေးသားသည့် “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

 မင်္ဂလာတောင်ညွန့်     စက်တင်ဘာ   ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရုံးနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်းကာ စာရေးဆရာအောင်သင်းရေးသားသည့်  “နှလုံးသားကို လေးပေါ်တင်၍ပစ်သောအခါ” စာအုပ်ဖြင့်  အပြန်အလှန်ဆွေးနွေးသည့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁း၃၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် မင်္ဂလာတောင်ညွန့် မြို့နယ်ရုံး( Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းအဖွဲ့ဝင် ဒေါ်​​အေးသန္တာဦးက " ခွန်အားစွမ်းပကား ကြီးသောသူ"  ဝတ္ထုတိုအား ဖတ်ပြဆွေးနွေးခဲ့ရာ စာအုပ်စာ‌‌စောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များမှ “ အတွေ့နှင့်အတွေး” “စာတတ်ဖို့ စာဖတ်ဖို့”စသည့်စာစုများ၌ ပါဝင်သည့်အကြောင်းအရာများအား လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်း၌ နေ့စဥ်ကြုံတွေ့နေရသည့် အဖြစ်အပျက်များ နှင့် နှိုင်းယှဥ်ကာ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင်များနှင့်  စာပေဝါသနာရှင်များမှ ကျန်ရှိသည့် အကြောင်းအရာစာစုများနှင့် မိမိတို့ကြုံတွေ့ရသည့် အဖြစ်အပျက်နှင့် ပတ်ဝန်းကျင်တွင်မြင်တွေ့ရသည့် အဖြစ်အပျက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 ချစ်သဲ (ပြန်/ဆက်)