နမ့်စန်(တ) စက်တင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် Sunjin Myanmar Company တို့ ပူးပေါင်း ပြုလုပ်သော School Milk Program အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးရေးအခမ်းအနားကို ယနေ့နံနက် ၉နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)သရဖီခန်းမတွင် ဆောင်ရွက်ခဲ့ရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း နှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးမှူး ဒေါက်တာ Mဇော်မိုင် နှင့် Sunjin Myanmar Company မှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး School Milk Program အစီအစဉ်အရ အာဟာရတိုက်ကျွေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း ၊ အရှေ့အလယ်ပိုင်း လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်နှင့် စစ်ဘက်ဆိုင်ရာအရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်းနှင့် Sunjin Myanmar Company မှတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများကို အာဟာရနွားနို့နှင့် ကြက်ဥများ အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ အာဟာရတိုက်ကျွေးရေးအစီအစဉ်ကိုဆောင်ရွက်ရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက အထက(နမ့်စန်)ရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၁၄) ဦးကို အာဟာရနွားနို့နှင့် ကြက်ဥပြုတ် တိုက်ကျွေး၍ ကျောင်းသား၊ ကျောင်းသူများ အာဟာရသုံးဆောင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
သူရအောင်(နမ့်စန်)