ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့ (လားရှိုး) မှ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသွေးလှူဒါန်း

လားရှိုး စက်တင်ဘာ ၂၃

ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့(လားရှိုး)က (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လားရှိုးမြို့၊ အမှတ် (၉) ခုတင် (၁၀၀) တပ်မတော်ဆေးရုံနှင့် လားရှိုးပြည်သူ့ဆေးရုံကြီးတွင်  ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပသည်။

စုပေါင်းသွေးလှူဒါန်းပွဲသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး (လားရှိုး) ရဲမှူးကြီး လှမင်း၊ အမှတ် (၆) မူးယစ်တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သက်ထွန်း၊ အမှတ် (၁၇) မှုခင်းတပ်ဖွဲ့စုမှူး ရဲမှူး  နေလင်းအောင်၊ သတင်း ရဲဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး သူရိန်ထွန်း၊ အမှတ် (၂၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူး   ရဲမှူးမျိုးထိုက်၊ အမှတ် (၁၆)  လူကုန်တား တပ်ဖွဲ့စုမှူး ရဲမှူးဝင်းညွန့်၊ လေကြောင်း ရဲတပ်ဖွဲ့စုမှူး ရဲမှူး စိုးမိုးထွန်း၊ အမှတ် (၁၉) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံ ရေးရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ညီညီနိုင်၊ အမှတ်(၅) မီးရထား တပ်ခွဲမှူး ဒုတိယရဲမှူး ဝင်းမင်းထွန်း၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့စုမှူး ရဲအုပ်ငွေထွန်းနှင့် တာဝန်ကျ ဆေးရုံအုပ်ကြီးတို့မှ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

သွေးလှူဒါန်းပွဲတွင် တိုင်းမှူးနှင့်တာဝန်ရှိသူတို့မှ သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များကို ဖြည့်စွက်စာများပေးအပ်ပြီး (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ပြည်နယ်ဒုတိယရဲ တပ်ဖွဲ့(လားရှိုး)မှ အမှတ် (၉)၊ ခုတင် (၁၀၀) တပ်မတော် ဆေးရုံအတွက် အလှူငွေကျပ် (၅) သိန်း၊ လားရှိုးပြည်သူ့ဆေးရုံကြီးအတွက် အလှူငွေကျပ် (၅) သိန်း၊ စုစုပေါင်း ကျပ် (၁၀) သိန်းကို ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာ တပ်မှူးနှင့် ဆေးရုံအုပ်ကြီးတို့မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းပွဲသို့ တပ်ဖွဲ့ဝင် အရာရှိ (၆) ဦး၊ အခြားအဆင့် (၄၁) ဦး၊ စာရေးဝန်ထမ်း (၁) ဦး၊ မှီခိုသူ မိသားစုဝင် (၂) ဦး၊ စုစုပေါင်း (၅၀) ဦးတို့ သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်