တာချီလိတ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား)ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ ဆုပေးပွဲ အခမ်းအနားကျင်းပ

တာချီလိတ် စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား) ကလပ်ပေါင်းစုံ နှစ်ယောက်တွဲနှင့် သုံးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့မအားကစားကွင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင်  နှစ်ယောက်တွဲ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၏ ပထမဆုရရှိသည့် ဝမ်ကောင်းအသင်း၊ ဒုတိယဆု ရရှိသည့် အရှေ့ချယ်ရီအသင်း၊ သုံးယောက်တွဲ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၏ ပထမရရှိသည့် ဆုံမှတ်အသင်း၊ ဒုတိယဆုရရှိ TSC အသင်းတို့အား မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးတင်ဦးကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်၊ မြို့မရဲစခန်းမှူးဒုရဲမှူး ကျော်ကျော်ဦး၊ မင်းခေတ်သစ် ကုမ္ပဏီကိုယ်စားလှယ် ဒေါ်နန်းစမ်ဖောင်းတစ်၊ မြို့နယ်အား/ကာမှူး ဦးသန်းလှိုင်တို့မှ တစ်ဦးချင်းဆု၊ ငွေသားဆု၊ ဆုဖလားတို့အားအသီးသီးပေးအပ်ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ တာချီလိတ်မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ(ဖလား)ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို စက်တင်ဘာ လ ၁၇ ရက်နေ့က စတင်ပြုလုပ်ခဲ့ရာ နှစ်ယောက်တွဲ ပိုက်ကျော်ခြင်းကိုအသင်း ၁၄ သင်း၊ သုံးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း ၈ သင်းတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်းသိရသည်။

အေးအေးလတ်