ခရမ်း အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် အလုပ်အကိုင် အဆင်မပြေ၍ စားဝတ်နေရေး အခက်အခဲဖြစ်နေသည့် အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်နှင့် အလှူငွေများ ဒုတိယအကြိမ် လှူဒါန်းခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ခရမ်းမြို့နယ် ဆင်ကျွန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြသည်။
ခရမ်းမြို့နယ် ဆင်ကျွန်းကျေးရွာတွင် အိမ်ထောင်စု (၁၅၃ ) အား ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကြောင့် ကျေးရွာနေ ပြည်သူများ စားဝတ်နေရေး ပြေလည်စေရန်အတွက် ရန်ကုန်မြို့နေ အလှူရှင် ကိုမင်းအောင်+မရည်မွန်အောင် မိသာစုမှ မွေးရပ်မြေဇာတိ ဆင်ကျွန်းကျေးရွာနေ ပြည်သူများအား ကမ္ဘာ့ကပ်ရောဂါကြောင့် စားသုံးမှု အခက်အခဲ မဖြစ်စေရေးအတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်(၃)ပြည်၊ ဆီ(၅၀)ကျပ်သား ၊ အာလူး(၁)ပိဿာ ၊ ကြာဇံ (၂၅)ကျပ်သား ၊ကြက်သွန်ဖြူ(၂၀)သား ၊ အချိုမှုန့်(၅)ကျပ်သား နှုန်းဖြင့် ဒုတိယအကြိမ် ထောက်ပံ့ လှူဒါန်းခြင်း ဖြစ်ပြီး ကျေးရွာလုံခြုံရေးနှင့် ၊ ကျန်းမာရေးအတွက် ပရဟိတဆောင်ရွက်နေသည့် အဖွဲ့ဝင်(၃၅)ဦးအား လုံခြည်တစ်ဦးလျှင် တစ်ထည်နှုန်းဖြင့် ထောက်ပံ့ လှူဒါန်းပေးခဲ့ပြီ ကျေးရွာ ဖွံ့ဖြိုးရေးနှင့် အခြားလိုအပ်ချက်များကိုလည်း ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ကိုမင်း(ခရမ်း)