ရသေ့တောင်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု (ဆပ်ပြာရည်၊ခေါင်းလျှော်ရည်) ထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရသေ့တောင်  စက်တင်တင်ဘာ ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သက်မွေဝမ်းကျောင်း အထောက်အကူပြုလူသုံးကုန်ပစ္စည်း (ဆပ်ပြာရည်၊ခေါင်းလျှော်ရည်) ထုတ်လုပ်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်မှ ခေတ်စနစ် များတိုးတက်လာသည်ဖြစ်သည့် အတွက်ကြောင့် ဆန်းသစ်တီထွင်နိုင်ရန် ကြိုးစားလိုကြောင်း ယခုလို အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းဝင်ငွေတိုးတက်မှုမှသည် မိသားစုဝင်ငွေတိုးတက်လာပြီး စားဝတ်နေရေး ပြေလည်မှုရရှိခြင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာခြင်း၊ လူနေမှုအဆင့်အတန်း မြင့်မားလာခြင်းဖြင့် သာယာဝပြောသော လူ့ဘောင်အဖွဲ့အစည်း တစ်ရပ်ကို တည်ဆောက်နိုင်မည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတွင်ဆုရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းဆင်း လက်မှတ်များအား မြို့နယ်ကျေးလက်ဦးစီးမှူးက ပေးခဲ့သည်။ သင်တန်းသားများကိုယ်စားသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ (ဆပ်ပြာရည်၊ခေါင်းလျှော်ရည်) ထုတ်လုပ်ခြင်းသင်တန်းအား သင်တန်းသား (၂၀) ဦး ဖြင့် စက်တင်ဘာလ ၄ ရက်နေ့မှ ၂၄ ရက်‌နေ့ထိ ရက် (၂၀) အကြာဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)