ဥတ္တရသီရိ စက်တင်ဘာ ၂၃
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာန ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနခွဲ ရိတ်သိမ်းချိန်လွန် နည်းပညာဌာန(ရေဆင်း)မှ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုများလျော့နည်းစေရေး တောင်သူအသိပညာပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မောင်းရမ်းကျေးရွာနှင့် မရမ်းခုံကျေးရွာရှိ တောင်သူအသိပညာပေးစင်တာများ၌ ဆောင်ရွက်ခဲ့ သည်။
ထို့သိုဆောင်ရွက်ရာတွင် ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝ နည်းပညာဌာနခွဲ ရိတ်သိမ်းချိန်လွန် နည်းပညာဌာန(ရေဆင်း)မှ နည်းပြဆရာ၊ ဆရာမများက တောင်သူများ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲမျိုးစုံ၊ ဟင်းသီး/ဟင်းရွက်များ ရိတ်သိမ်းချိန်တွင် ဖြစ်တက်သော လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် လိုက်နာရမည့်အချက်များ၊ စိုက်ပျိုးရေးထုတ်ကုန်များပေါများနေချိန်တွင် အဆင့်မြင့်၊ တန်ဖိုးမြင့်ထုတ်ကုန်များ ပြုလုပ်ထားခြင်းဖြင့် ဝင်ငွေတိုးစေရန်၊ အစားအစာများ ဘေးအန္တရာယ်များကင်းရှင်းရေးနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုလျော့နည်းစေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို တောင်သူများ လိုက်နာကျင့်သုံးရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)