ကျောက်တန်းမြို့ အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ အသိပညာပေးဟောပြော

ကျောက်တန်း စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့ အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် ကျောက်တန်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မှော်ဝန်းရတနာ ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ ကျောက်တန်း မြို့နယ်စီမံအုပ်ချုပ်​​ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်သန်းထွန်းအဖွင့်အမှာ စကားပြောကြားခဲ့သည်။ ထို့နောက် ကျောက်တန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးသန်း၊ ​ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်ဝင်း၊ ကျောက်တန်းမြို့နယ်၊ မြို့နယ်ပညာရေးမှူး(တာဝန်ခံ)၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ဝေတို့မှ အလယ်တန်းအဆင့် Grade-9 အောင်မြင်သူများသည် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများတွင် စက်မှု၊စိုက်ပျိုးရေး၊ မွေးမြူရေး၊ အတတ်ပညာများ သင်ကြားလိုသည့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက် သင်ကြားနိုင်ကြောင်း၊ သတင်းအချက်အလက်များကို ကျောင်းသား၊ ကျောင်းသူမိဘများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး များအား တာဝန်ရှိသူများမှ ရှင်းလင်ပြောကြားခဲ့သည်။

အခမ်းအနားအပြီးတွင်  အသက်မွေးဝမ်းကျောင်းပညာသင်ယူနိုင်သော သတင်းအချက်အလက် နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများ​၊ ကျောင်းသားမိဘများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်ဆက်)